Testo Thu Nge Chin Atwet - Htoo Eain Thin
Testo della canzone Thu Nge Chin Atwet (Htoo Eain Thin), tratta dall'album Nar Yi Paw Ka Myat Yay Sat Myar
ကလေးများအားလုံးလည်း
စာသင်မယ့် ဆရာကိုမျှော်နေတယ်
အိုး စာသင်ခုံတွေလည်း
ဖရိုဖရဲ ပိုးစား ခြကိုက်နဲ့
ခေါင်းလောင်းကြီးလည်း အိပ်ပျော်နေဆဲ
အသံ မမြည်နိုင်ရှာတယ်
စာအံသံတွေ ကြားချင်ပါတယ်
ကွက်လပ်ဖြည့် လိုက်ပေါ့ကွယ်
ကျေးလက်က ဆရာသူငယ်ချင်းရေ
ခေါင်းလောင်းကြီး အသံတွေချိုမြမယ်
အားလုံးအတွက် တာဝန်တွေထမ်းဆောင်မယ်
မင်းအတွက် တို့ ဂုဏ်ယူလိုက်ပါတယ်
ဆေးပေးခန်းထဲ ပင့်ကူတွေလည်း
အခိုင်အမာ အိမ်ယာဖွဲ့
အိုး လူနာကုတင်တွေလည်း
ဖရိုဖရဲ ပိုးစား ခြကိုက်နဲ့
ဆင်းရဲလွန်းတဲ့ ဘဝတွေ တကယ်ပဲ
ခြူခြာနေရှာတယ်
လူတွေအကုန် ကျန်းမာရေးအတွက်
ကွက်လပ်ဖြည့်လိုက်ပေါ့ကွယ်
ကျေးလက်က ဒေါက်တာသူငယ်ချင်းရေ
စိတ်ဓာတ်လေး ဖြူစင်သန့်ရှင်းတယ်
အားလုံးအတွက် တာဝန်တွေထမ်းဆောင်မယ်
မင်းအတွက် တို့ ဂုဏ်ယူလိုက်ပါတယ်
ကလေးများအားလုံးလည်း
စာသင်မယ့် ဆရာကိုမျှော်နေတယ်
အိုး စာသင်ခုံတွေလည်း
ဖရိုဖရဲ ပိုးစား ခြကိုက်နဲ့
ခေါင်းလောင်းကြီးလည်း အိပ်ပျော်နေဆဲ
အသံ မမြည်နိုင်ရှာတယ်
စာအံသံတွေ ကြားချင်ပါတယ်
ကွက်လပ်ဖြည့်လိုက်ပေါ့ကွယ်
ကျေးလက်က ဆရာသူငယ်ချင်းရေ
စိတ်ဓာတ်လေး ဖြူစင်သန့်ရှင်းတယ်
အားလုံးအတွက် တာဝန်တွေထမ်းဆောင်မယ်
မင်းအတွက် တို့ ဂုဏ်ယူလိုက်ပါတယ်
ဆေးပေးခန်းထဲ ပင့်ကူတွေလည်း
အခိုင်အမာ အိမ်ယာဖွဲ့
အိုး လူနာကုတင်တွေလည်း
ဖရိုဖရဲ ပိုးစား ခြကိုက်နဲ့
ဆင်းရဲလွန်းတဲ့ဘဝတွေ တကယ်ပဲ
ခြူခြာနေရှာတယ်
လူတွေအကုန် ကျန်းမာရေးအတွက်
ကွက်လပ်ဖြည့်လိုက်ပေါ့ကွယ်
ကျေးလက်က ဒေါက်တာသူငယ်ချင်းရေ
စိတ်ဓာတ်လေး ဖြူစင်သန့်ရှင်းတယ်
အားလုံးအတွက် တာဝန်တွေထမ်းဆောင်လိုက်
မင်းအတွက် တို့ ဂုဏ်ယူလိုက်ပါတယ်
Credits
Writer(s): Htoo Eain Thin
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.