Testo Sate Dat Kin Sar - Htoo Eain Thin
Testo della canzone Sate Dat Kin Sar (Htoo Eain Thin), tratta dall'album Nar Yi Paw Ka Myat Yay Sat Myar
နေ့နဲ့ည မကွဲပြားဘူး
အမှန်နဲ့အမှား ခွဲခြားတတ်ပါ
အို ရင်မှာ ဒဏ်ရာများလား
ကောက်ကျစ်တတ်တဲ့ စိတ်ကဝင်လာ
အချိန်ရယ် နေရာ အရောင်ပြောင်းတဲ့တရား
စဉ်းလဲမှုများအလယ်
ဖြူစင်စိတ်ကလေး ထားရှိနိုင်မလား
ရိုးသားခြင်များ
ရှင်းသန့်တဲ့ ကိုယ်ကျင့်တရား
ဆုံးရှုံးတဲ့အခါ
တို့ရင်မှာ
ပျော်နိုင်ဦးမလား
ရက်စက်တတ်တဲ့စိတ်က ခိုင်မာ
မှန်တယ်ထင်တာ အကုန်လုံးပဲ အမှား
ရက်စက်မှုများအလယ်
ကြင်နာစိတ်ကလေး ထားရှိနိုင်မလား
စိတ်ဓာတ်များရဲ့အင်အား
အို တဖြည်းဖြည်း နည်းသွားပြီလား
သွေးကြောများထဲအနှံ့
ညစ်ပတ်တဲ့စိတ်က စီးဝင်လှုပ်ရှား
စိတ်ဓာတ်အတွင်းထဲ လှိုက်စား
အဆိုးဆုံးပဲ လွတ်မြောက်လမ်း မမြင်ပါ
လုံးပါး ပါးမှာပဲ
အို မေမေရေ ကယ်ပါဦးလား
သွေးကြောများထဲပျံ့နှံ့တဲ့ အဆိပ်တောက်များဟာ
ဘယ်လိုရောက်လာလဲ မတွေးတတ်တော့ဘူး
အို ဒါဟာ ကင်ဆာပါလား
ကောက်ကျစ် ရက်စက်တတ်တဲ့ စိတ်များ
အိုး ဖြူစင်တာတွေ ပျောက်ဆုံးသွားပြီလား
အမှားအယွင်းများကြားမှာ
အမှန်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ရှာ
စိတ် စိတ်ဓာတ်များရဲ့အင်အား
အို တဖြည်းဖြည်း နည်းသွားပြီလား
သွေးကြောများထဲအနှံ့
ညစ်ပတ်တဲ့စိတ်က စီးဝင်လှုပ်ရှား
စိတ်ဓာတ်အတွင်းထဲ လှိုက်စား
အဆိုးဆုံးပဲ လွတ်မြောက်လမ်း မမြင်ပါ
လုံးပါး ပါးမှာဘဲ
အို မေမေရေ ကယ်ပါဦးလား
သွေးကြောများထဲပျံ့နှံ့တဲ့ အဆိပ်တောက်များဟာ
ဘယ်လိုရောက်လာလဲ မတွေးတတ်တော့ဘူး
အို ဒါဟာ ကင်ဆာပါလား
ကောက်ကျစ် ရက်စက်တတ်တဲ့ စိတ်များ
အိုး ဖြူစင်တာတွေ ပျောက်ဆုံးသွားပြီလား
အမှားအယွင်းများကြားမှာ
အမှန်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ရှာ
Credits
Writer(s): Htoo Eain Thin
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.