Testo May Lite Tot - Htoo Eain Thin
Testo della canzone May Lite Tot (Htoo Eain Thin), tratta dall'album Nar Yi Paw Ka Myat Yay Sat Myar
ယုံကြည်တာတွေအားလုံး စွန့်လွှတ်ခဲ့ပါတယ်
တို့အချစ်က ဆုံနိုင်ဖို့သိပ်မလွယ်
ရေမှာအရုပ်ရေးမိသူလိုပဲ
အချစ်ဟာ အရာ မထင်တယ်
ပျော်မယ်ဆိုနေခဲ့ပေါ့ ချစ်ရတဲ့သူရယ်
အရှုံးပေးခဲ့ပြီ ကျေနပ်တော့ကွယ်
ရေလိုဘဝအေးမြပါစေ အချစ်ရယ်
တို့ဆုတောင်းပါတယ်
ပန်းခင်းလမ်းပဲလျှောက်ပါ အချစ်ကလေးရယ်
ခရောင်းတောထဲကတို့ကို ထားခဲ့ကွယ်
ချစ်ခဲ့ကြတဲ့အဖြစ်ဟာ အိပ်မက်ပဲ
မင်းဘဝနေ့သစ်ရောက်ပြီ မေ့လိုက်ကွယ်
အိုး အိုး အို
မေ့လိုက်တော့ အချစ်ကလေးရယ်
ကြင်နာတာတွေအားလုံး မေ့ပစ်လိုက်ပါကွယ်
နိုးတဝက် တို့အိမ်မက်ကလေး ပျက်ပြယ်
နာကြင်နေတဲ့နှလုံးသား ငိုနေလည်း
မင်းပျော်ပါစေကွယ်
ရင်မှာမျှော်လင့်ထားသမျှ ဆုံးရှုံးခဲ့ပေမယ့်
မင်းဘဝအတွက် ကိုယ်ကျေနပ်မိတယ်
ဒါတွေ တနေ့ မင်းနားလည်မယ်ချစ်ရယ်
နှုတ်ဆက်သွားပါကွယ်
ပန်းခင်းလမ်းပဲလျှောက်ပါ အချစ်ကလေးရယ်
ခရောင်းတောထဲကတို့ကို ထားခဲ့ကွယ်
ချစ်ခဲ့ကြတဲ့အဖြစ်ဟာ အိပ်မက်ပဲ
မင်းဘဝနေ့သစ်ရောက်ပြီ မေ့လိုက်ကွယ်
အိုး အိုး အို
မေ့လိုက်တော့ အချစ်ကလေးရယ်
အိုး အိုး အို
မေ့လိုက်တော့ အချစ်ကလေးရယ်
ယုံကြည်တာတွေအားလုံး စွန့်လွှတ်ခဲ့ပါတယ်
တို့အချစ်က ဆုံနိုင်ဖို့သိပ်မလွယ်
ရေမှာအရုပ်ရေးမိသူလိုပဲ
အချစ်ဟာ အရာ မထင်တယ်
ရင်မှာမျှော်လင့်ထားသမျှ ဆုံးရှုံးခဲ့ပေမယ့်
မင်းဘဝအတွက် ကိုယ်ကျေနပ်မိတယ်
ဒါတွေ တနေ့ မင်းနားလည်မယ်ချစ်ရယ်
နှုတ်ဆက်သွားပါကွယ်
ပန်းခင်းလမ်းပဲလျှောက်ပါ အချစ်ကလေးရယ်
ခရောင်းတောထဲကတို့ကို ထားခဲ့ကွယ်
ချစ်ခဲ့ကြတဲ့အဖြစ်ဟာ အိပ်မက်ပဲ
မင်းဘဝနေ့သစ်ရောက်ပြီ မေ့လိုက်ကွယ်
အိုး အိုး အို
မေ့လိုက်တော့ အချစ်ကလေးရယ်
မေ့ပစ်လိုက် ချစ်ရယ်
မေ့လိုက်တော့ ချစ်ကလေးရယ်
မေ့ပစ်လိုက် ချစ်ရယ်
မေ့လိုက်တော့ ချစ်ကလေးရယ်
မေ့ပစ်လိုက် ချစ်ရယ်
မေ့လိုက်တော့ ချစ်ကလေးရယ်
မေ့ပစ်လိုက် ချစ်ရယ်
မေ့လိုက်တော့ ချစ်ကလေးရယ်
မေ့ပစ်လိုက် ချစ်ရယ်
Credits
Writer(s): Htoo Eain Thin
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.