Testo Thi Chin Lay Thet Thay - Htoo Eain Thin
Testo della canzone Thi Chin Lay Thet Thay (Htoo Eain Thin), tratta dall'album Nar Yi Paw Ka Myat Yay Sat Myar
သာယာချိုမြိန်ပါစေ သူစိတ်မှာ
ကိုယ်လေရည်ရွယ်ပါတယ် သူတစ်ယောက်သာ
ရင်မှာဆိုနေမယ် သီချင်းလေးများ နားဆင်ပါ
အကြင်နာတွေဟာသီချင်းလေး တစ်ပုဒ်ပေါ့
နားလည်မလား
ဂုဏ်တွေငွေတွေ အခြေအနေ မရှိသောအခါ
ကိုယ်လေပိုင်ဆိုင်ပါတယ် အချစ်များသာ
နွေလိုပူလောင်ပါတယ် တို့ဘဝထဲ
လိုက်လာမလား
မခေါ်ချင်တာဟာ တို့ရဲ့ အချစ်ပေါ့
နားလည်မလား
နေရောင်ခြည်မှာ မဖူးပွင့်အပ်ရာ
ငွေကြာဖြူပါလား
ညှိုးနွမ်းသွားဖို့ ကိုယ်
အိုး မပိုင်ဆိုင်ရက်ဘူးကွာ
သော်တာရောင်ခြည် အေးရိပ်အောက်မှာ
ပျော်ပျော်နေပါလား
ချစ်နေလျက်များ စွန့်နိုင်ခဲ့သား
ဆုံးရှုံးမှုနဲ့ အနိုင်ယူခွင့်ပေးပါ
တွယ်တာတာတွေ ဘယ်လိုဆိုရမလား
ကိုယ်လေဘာဘာညာညာ မငိုတတ်ပါ
သူသာပျော်မယ်ဆိုရင်
စွန့်လွှတ်ရဲတဲ့ ချစ်သူပါ
အကြင်နာတွေကို သီချင်းလေးတစ်ပုဒ်နဲ့
သက်သေထား
နေရောင်ခြည်မှာ မဖူးပွင့်အပ်ရာ
ငွေကြာဖြူပါလား
ညှိုးနွမ်းသွားဖို့ ကိုယ်
အိုး မပိုင်ဆိုင်ရက်ဘူးကွာ
သော်တာရောင်ခြည် အေးရိပ်အောက်မှာ
ပျော်ပျော်နေပါလား
ချစ်နေလျက်များ စွန့်နိုင်ခဲ့သား
ဆုံးရှုံးမှုနဲ့ အနိုင်ယူခွင့်ပေးပါ
ကြင်နာတာတွေ ဘယ်လိုဆိုရမလား
ကိုယ်လေဘာဘာညာညာ မငိုတတ်ပါ
သူသာပျော်မယ်ဆိုရင်
စွန့်လွှတ်ရဲတဲ့ချစ်သူပါ
အကြင်နာတွေကို သီချင်းလေးတစ်ပုဒ်နဲ့
သက်သေထား
(ဟာ ဟာ ဟာ့ ဟာ)
Credits
Writer(s): Htoo Eain Thin
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.