Testo Ta Naye Sar A Lwae Myar - Htoo Eain Thin
Testo della canzone Ta Naye Sar A Lwae Myar (Htoo Eain Thin), tratta dall'album Ta Naye Sar A Lwae Myar
အိပ်ရာထဲကထ
နေ့တိုင်း ငါရောက်နေကျဆိုင်ထဲ
တွေ့နေရတဲ့ မျက်နှာများ
ဟန်လုပ်ကာ ပြုံးပြပြီး
စိတ်က မိုးနဲ့မြေကြီး
ဒီဘက်ကိုကြွပါ မိတ်ဆွေကောင်းကြီးရယ်
အားနာမိတော့ လိုက်လျော
ခုံလေးကိုဆွဲယူတော့
သူ့ကြွားလုံးထဲ ငါမျောပြီပေါ့
ငါ ခေါင်းငြိမ့်ရင်း
သိပ်အံ့ဩပြလိုက်ရင်း
မျက်လုံးပြူးနိုင်ဖို့သာ ကြိုးစားတော့
နည်းနည်းလေးတော့ လွဲနေမယ်
လွဲလွဲလေးလည်း ကောင်းပါတယ်
စိတ်ကျေနပ်ရင် ပြီးတာပဲ
နေတတ်ရင် အေးဆေးလေး
နည်းနည်းလေးတော့ လွဲနေမယ်
လွဲလွဲလေးလည်း ကောင်းပါတယ်
စိတ်ကျေနပ်ရင် ပြီးပြီ ကောင်းသားပဲ
လိုအပ်ရင် ရူးလိုက်ဦး
ဒီညနေခင်းတွေနဲ့ အို မိုးကောင်းကင်ထက်
ငါ့ရဲ့စိတ်ကို လွှတ်တင်လို့
ဟောင်းနေတဲ့စိတ်ကူး
ဆေးရောင် အသစ်ပြန်ထပ်မယ်
မေ့လိုက်တယ် အားလုံးကို
ကြည်နူးစွာ လျှောက်လို့လာရင်းနဲ့
တုန်ယင် လန့်ဖျပ်လို့သွားခဲ့
ကြိုးလွတ်သွားတဲ့ ခွေးဆိုပဲ
ပြေးသူပြေးကာ လမ်းပေါ်လဲတဲ့သူလဲကာ
စိတ်ခြောက်ခြားလည်းဗျာ
ကျား မဟုတ်တာ ကျေးဇူးပါ
နည်းနည်းလေးတော့ လွဲနေမယ်
(နည်းနည်းလေးတော့ လွဲမယ်)
လွဲလွဲလေးလည်း ကောင်းပါတယ်
(လွဲလွဲလေးလည်း ကောင်းတယ်)
စိတ်ကျေနပ်ရင် ပြီးတာပဲ
နေတတ်ရင် အေးဆေးလေး
နည်းနည်းလေးတော့ လွဲနေမယ်
(နည်းနည်းလေးတော့ လွဲမယ်)
လွဲလွဲလေးလည်း ကောင်းပါတယ်
(လွဲလွဲလေးလည်း ကောင်းတယ်)
စိတ်ကျေနပ်ရင် ပြီးပြီ ကောင်းသားပဲ
လိုအပ်ရင် ရူးလိုက်ဦး
နည်းနည်းလေးတော့ လွဲနေမယ်
(နည်းနည်းလေးတော့ လွဲမယ်)
လွဲလွဲလေးလည်း ကောင်းပါတယ်
(လွဲလွဲလေးလည်း ကောင်းတယ်)
စိတ်ကျေနပ်ရင် ပြီးတာပဲ
နေတတ်ရင် အေးဆေးလေး
နည်းနည်းလေးတော့ လွဲနေမယ်
(နည်းနည်းလေးတော့ လွဲမယ်)
လွဲလွဲလေးလည်း ကောင်းပါတယ်
(လွဲလွဲလေးလည်း ကောင်းတယ်)
စိတ်ကျေနပ်ရင် ပြီးပြီ ကောင်းသားပဲ
လိုအပ်ရင် ရူးလိုက်ဦး
ရင်ထဲမှာ အတွေးလေးရ
သီချင်းထိုင်ရေးတော့မှ
လုပ်ပြီ ကြိုးပြတ်သွားတယ် ငါ့ဂစ်တာက
ကဲကွာ ရှိစေတော့
ဟေ့ စာဖတ်မှာပေါ့
ဟာ သွားပြီ မီးပြတ်သွားခဲ့တော့
ဘာတတ်နိုင်သေးလို့လဲ
အိပ်တာအကောင်းဆုံးပဲ
ငါ့ နေ့စဉ်လွဲချော်မှုတွေနဲ့
ငါအိပ်ပျော်သွားမှ အေးမှာပဲ
မနက်ဖြန် အိပ်ရာထရင်တွေ့မယ်
နောက်တစ်နေ့စာ အလွဲများနဲ့
နည်းနည်းလေးတော့ လွဲနေမယ်
(နည်းနည်းလေးတော့ လွဲမယ်)
လွဲလွဲလေးလည်း ကောင်းပါတယ်
(လွဲလွဲလေးလည်း ကောင်းတယ်)
စိတ်ကျေနပ်ရင် ပြီးတာပဲ
နေတတ်ရင် အေးဆေးလေး
နည်းနည်းလေးတော့ လွဲနေမယ်
(နည်းနည်းလေးတော့ လွဲမယ်)
လွဲလွဲလေးလည်း ကောင်းပါတယ်
(လွဲလွဲလေးလည်း ကောင်းတယ်)
စိတ်ကျေနပ်ရင် ပြီးပြီ ကောင်းသားပဲ
လိုအပ်ရင် ရူးလိုက်ဦး
နည်းနည်းလေးတော့ လွဲနေလည်း
(နည်းနည်းလေးတော့ လွဲမယ်)
လွဲလွဲလေးလည်း ကောင်းတာပဲ
(လွဲလွဲလေးလည်း ကောင်းတယ်)
စိတ်ကျေနပ်ရင် ပြီးပြီ အေးဆေး
နေတတ်ရင် ဘဝမှာအကောင်းဆုံးဟေ့
နည်းနည်းလေးတော့ လွဲတာရှိမယ်
(နည်းနည်းလေးတော့ လွဲမယ်)
(ဟုတ်ရဲ့လား)
ကောင်းတာလေးတွေ ရှာကြံတွေး
စိတ်ကျေနပ်ရင် ပြီးတာပဲ
နေတတ်ရင် အေးဆေးလေး
နည်းနည်းလေးတော့ လွဲတာရှိမယ်
(နည်းနည်းလေးတော့ လွဲမယ်)
လွဲလွဲလေးလည်း ကောင်းပါတယ်
(လွဲလွဲလေးလည်း ကောင်းတယ်)
စိတ်ကျေနပ်ရင် ပြီးပြီ အားလုံးကောင်းတယ်
အေးဆေးပါ အေးဆေးလေး
(ဟုတ်ရဲ့လားဟေ့)
မှား မှား မှား မှား
ဝိုး ဝိုး ဝိုး ဝိုး
စိတ်ကျေနပ်ရင် ပြီးပြီဟေ့
နေတတ်ရင် အေးဆေးလေး
နား နား နား နား
ရေး ရေး ရေး ရေး
အိုး အိုး အိုး အိုး
မှား မှား မှား မှား
ဝိုး ဝိုး ဝိုး ဝိုး
စိတ်ကျေနပ်ရင် ပြီးပြီ
အားလုံးအတွက်
အကောင်းဆုံးပဲ အေးဆေးလေး
Credits
Writer(s): Htoo Eain Thin
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.