Testo Nway Oo Kant Kaw - Htoo Eain Thin
Testo della canzone Nway Oo Kant Kaw (Htoo Eain Thin), tratta dall'album Ta Naye Sar A Lwae Myar
နွေဦးကံ့ကော်များ
ဒီအချိန်လေးတိုင်းမှာ ကိုယ်သတိရစရာတွေ
ပေါ်လာမြဲ အချစ်ရေ
မမေ့ဘူး သိရဲ့လား
ကံမဆုံလည်း မမေ့နိုင်ဘူး
နွေဦးကံ့ကော်များ
ဪ ခြံထဲအလှဝေ
ဆွတ်သင်းပျံ့ဝေမြဲ
ဝါရွှေနုပွင့်ဖြူ ရင်ထဲလှိုက်ခုန်သွား
ချိုမြိန်သော ကိုယ့်အချိန်လေး
စကားလေး ပြောသလိုပဲ
သူ ကိုယ့်အနားရောက်လာပြီးတော့
ကပ်ထိုင်သွားသလိုပဲ
ဒီအတိတ်ဆွေးဟောင်း ကမ္ဘာလေးဟာ
ချစ်စရာလေးပါကွယ်
ချစ်စရာလေးပါကွယ်
ကိုယ့်လက်ကလေးတွေ နွေးထွေးလာတယ်
ချစ်သူလေးရယ် ထွေးလှည့်ပါကွယ်
ဒါလည်း အတွေးပါပဲ
ရေပြင်လေးကြည့်ကာ သက်ပြင်းလေးတွေချ
ကိုယ်မျှော်တဲ့အကြောင်းတွေ သိများသိပါ့မလား
ဪ နွေဦးကံ့ကော်ရေ
ကိုယ့်လက်ကလေးတွေ နွေးထွေးလာတယ်
ချစ်သူလေးရယ် ထွေးလှည့်ပါ
ဒါလည်း အတွေးပါပဲ
ရေပြင်လေးကြည့်ကာ
အတွေးထဲ အမောလေးများ
ကိုယ်မျှော်တဲ့အကြောင်းတွေ သိများသိပါ့မလား
ဪ နွေဦးကံ့ကော်ရေ
ဒူ ဘီ ဒူး ဘီ ဒူ
ဒူ ဒူး ဒူ ဒီး ဒါ
ဒါ ဒါ ဒါ ဒါ့ ရာ့ ရာ
ဒူ ဘီ ဒူး ဘီ ဒူ
ဒူ ဒူး ဒူ ဒီး ဒါ
ဒါ ဒါ ဒါ ဒါ့ ရာ့ ရာ
ဒူ ဘီ ဒူး ဘီ ဒူ
ဒူ ဒူး ဒူ ဒီး ဒါ
ဒါ ဒါ ဒါ ဒါ့ ရာ့ ရာ
Credits
Writer(s): Ko Lay Lwin
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.