Testo A Mone Myat Lone - Htoo Eain Thin
Testo della canzone A Mone Myat Lone (Htoo Eain Thin), tratta dall'album Ta Naye Sar A Lwae Myar
ကြာခဲ့ပြီ မင်းကိုချစ်ခဲ့
နှလုံးသားလေး လောင်ကျွမ်းလို့နေ
ငါဟာချစ်ခဲ့ဖူးတယ် တဖက်သက်လားဟေ့
ဘယ်လိုလဲ မင်းရင်ထဲအမုန်းတွေလား
ဘာတွေဖြစ်မလဲ ငါလှည့်ပြန်မသွားဘူး
မင်းအမုန်းများ မီးလိုဟပ်လိုက်ပါစေ
ရင်ဆိုင်မယ်ဟေ့ ငါ့မှာအမုန်းထက်ပြင်းတဲ့
ပူလောင်တဲ့အချစ်တွေနဲ့ တောက်လောင်ဆဲ
ရင်မှာ စိုးမိုးနေ မင်းရဲ့အကြည့်တွေ
ငါပြန်တွေးတိုင်း
ကြင်နာတဲ့ အပြုံးများ
မင်းမျက်လုံးမှာ ပျောက်နေ
ပူလောင်တဲ့ အမုန်းများ
မင်းမျက်လုံးမှာ လောင်ကာတောက်နေ
အကြင်နာအချစ်တွေကို ကျွမ်းလောင်သွားမလား
မင်းမျက်လုံးများ
ကြာခဲ့ပြီ မင်းကိုချစ်ခဲ့
နှလုံးသားလေး လောင်ကျွမ်းလို့နေ
ငါဟာလေချစ်ခဲ့ဖူးတယ် တဖက်သက်အချစ်မျိုး
ဘယ်လိုလဲ မင်းရင်ထဲ အမုန်းတွေလား
ရင်မှာ စိုးမိုးနေ မင်းရဲ့အကြည့်တွေ
ငါပြန်တွေးတိုင်း
ကြင်နာတဲ့ အပြုံးများ
မင်းမျက်လုံးမှာ ပျောက်နေ
ပူလောင်တဲ့ အမုန်းများ
မင်းမျက်လုံးမှာ လောင်ကာတောက်နေ
အကြင်နာအချစ်တွေကို ကျွမ်းလောင်သွားမလား
မင်းမျက်လုံးများ
ဘာဖြစ်ဖြစ် ငါလှည့်ပြန်မသွားဘူး
မီးများလား ဒါမင်းအမုန်းတွေ
ရင်ဆိုင်တိုးဟေ့ ငါ့မှာ အမုန်းထက်ပိုပြီး
ပူလောင်တဲ့အချစ်တွေနဲ့ တောက်လောင်ဆဲ
ရင်မှာ စိုးမိုးနေ မင်းရဲ့အကြည့်တွေ
ငါပြန်တွေးတိုင်း
ကြင်နာတဲ့ အပြုံးများ
မင်းမျက်လုံးမှာ ပျောက်နေ
ပူလောင်တဲ့ အမုန်းများ
မင်းမျက်လုံးမှာ လောင်ကာတောက်နေ
အကြင်နာအချစ်တွေကို ကျွမ်းလောင်သွားမလား
မင်းမျက်လုံးများ
မင်းရဲ့မျက်လုံးတွေ
မင်းရဲ့မျက်လုံးများ
ဒါ မင်းရဲ့မျက်လုံးတွေ
ဒါ မင်းရဲ့မျက်လုံးများ
ဒါ မင်းရဲ့မျက်လုံးတွေ
Credits
Writer(s): Htoo Eain Thin, Win Min Htwe
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.