Testo May May Chit Tae Tharr Gyi - Htoo Eain Thin
Testo della canzone May May Chit Tae Tharr Gyi (Htoo Eain Thin), tratta dall'album A Kywin Mae Myittar Taw Thi Chin Thot A May
မေမေ ရွှေရောင်နှလုံးသား
ချစ်ခြင်းမေတ္တာ စုစည်းကာ
စီးဆင်းမြဲ အဆိုးအကောင်းလား
သားတို့အပေါ် မရွေးဘူး
မလိုချင်နေ မယူချင်နေ
မိုးများလို ရွာသွန်းမြဲ
အိုအားလုံးအချစ်ထက် ကြည်အေးတဲ့အချစ်
အဝေးကိုစီးခဲ့လေတယ်
မေမေချစ်တဲ့သားကြီး
အဝေးဆီရောက်နေပြီ
အချစ်များနဲ့ ရည်စူးတဲ့စိတ်
အမြဲတမ်း ဦးညွှတ်ပြီး
အိုမေမေ စိတ်ချမ်းသာကြောင်း
ရင်မှာတောင်းဆုချွေသောအချစ်
မေမေချစ်တဲ့သားကြီး
သီချင်းတွေ ဖွဲ့လေပြီ
အိုမွေးမေမေ ဒီသီချင်းလေး
အချစ်ဆုံးပန်းကို ပန်ခဲ့ပြီး
ပြုမိသော သားတို့အဆိုး
ခွင့်လွှတ်ပါ မေမေ
မပြေနိုင်သော
ဆပ်မကုန်နိုင်သော
မေမေ့ကျေးဇူး ပြန်တွေးပြီး
ခရီးကြမ်းထက် လှမ်းလျှောက်ရင်း
ကျွန်တော် ဆပ်ခဲ့ပါမယ်
မေမေချစ်တဲ့သားကြီး
အဝေးဆီရောက်နေပြီ
အချစ်များနဲ့ ရည်စူးတဲ့စိတ်
အမြဲတမ်း ဦးညွှတ်ပြီး
အိုမေမေ စိတ်ချမ်းသာကြောင်း
ရင်မှာတောင်းဆုချွေသောအချစ်
မေမေချစ်တဲ့သားကြီး
သီချင်းဖွဲ့လေပြီ
အိုးဟို
ချစ်တဲ့ အမေ့ရဲ့သားကြီး
သီချင်းဖွဲ့လေပြီ
Credits
Writer(s): Htoo Eain Thin
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.