Testo A Maye Yae Dotekha Oh Lay - Htoo Eain Thin
Testo della canzone A Maye Yae Dotekha Oh Lay (Htoo Eain Thin), tratta dall'album A Kywin Mae Myittar Taw Thi Chin Thot A May
အမေ
ကျွန်တော့်ကို စိတ်မပျက်ဖူးလား
အမေယုံကြည် မျှော်လင့်ထားသမျှ
ဘာတစ်ခုမှ ဖြစ်မလာ
ကိုယ်မှန်တယ် ထင်ရင်ပြီးရော
ခေါင်းမာတတ်တဲ့ အကျင့်ကဆိုး
အသက်သာ ကြီးလို့သွားတယ်
ကျွန်တော့်အိပ်မက်တွေ မပြောင်းလဲ
အဆုံး အရှုံးများနဲ့ ရင်ခုန်ရင်း
အမေ
ကျွန်တော့်ကို စိတ်မညစ်ဖူးလား
ဘဝမှာ အကြိမ်ကြိမ်အခါခါ ရှုံးလဲ
မာနက အကြီးသား
ကိုယ်ယုံကြည်ရာကို ဈေးကွက်
တင်ရောင်းဖို့ ရှက်နေလို့တဲ့
ပိုက်ဆံ တစ်ပြားမှ မရှိတဲ့
သူ သိက္ခာရှိချင်သေးသတဲ့
ကဲ အမေ့ရဲ့ ဒုက္ခအိုးလေးပေါ့
ကံအကျိုးပေး နည်းရတဲ့အထဲ
သူ အပျင်းကလည်း ကြီးသေး
အို ခက်ရချည်ရဲ့
ဟူး ဟူ
ဆင်းရဲတွင်း နက်ပေမယ့်
ကျွန်တော်က အမေ့ရဲ့သားပါ
မိုက်မိုက်မဲမဲ ရိုးသားနေဆဲ
ရင်ခုန်သံသီချင်းလေး ညည်းရင်းနဲ့
ချစ်ခြင်းမေတ္တာအကြောင်း
သင်ကြား
အမေ
ကျွန်တော့်ကို ခွင့်ပြုတော့
ခွင့်ပြုပါ အမေ
ကျွန်တော်ဟာ ကမ္ဘာမြေကြီးရဲ့
သီချင်းလေး တစ်ပုဒ်ပေါ့
ရှင်သန်နေထိုင်ခြင်းအတွက်
ပေးဆပ်ရင်း
ပေးဆပ်ရင်း
မိတ်ဆွေတစ်ချို့က ကဲ့ရဲ့
ချစ်သူကလေ နားမလည်
အမေ့ရဲ့ ဒုက္ခအိုးလေး အသည်းကွဲ
ကံအကျိုးပေး နည်းရတဲ့အထဲ
သူ အပျင်းကလည်း ကြီးသေး
အို ခက်ရချည်ရဲ့
ဟူး ဟူ
ဆင်းရဲတွင်း နက်ပေမယ့်
ကျွန်တော်က အမေ့ရဲ့သားပါ
မိုက်မိုက်မဲမဲ ရိုးသားနေဆဲ
ရင်ခုန်သံသီချင်းလေး ညည်းရင်းနဲ့
ချစ်ခြင်းမေတ္တာအကြောင်း
သင်ကြား
အမေ
ကျွန်တော့်ကို ခွင့်လွှတ်တော့
ခွင့်လွှတ်ပါ အမေ
ကျွန်တော်ဟာ ကမ္ဘာမြေကြီးရဲ့
သီချင်းလေး တစ်ပုဒ်ပေါ့
ရှင်သန်နေထိုင်ခြင်းအတွက်
ပေးဆပ်ရင်း ပေးဆပ်ရင်း
မိတ်ဆွေတစ်ချို့က ကဲ့ရဲ့
ကျွန်တော့်ကို ချစ်သူကလေ နားမလည်
အမေ့ရဲ့ ဒုက္ခအိုးလေး အသည်းကွဲ
မိတ်ဆွေတစ်ချို့က ကဲ့ရဲ့
ကိုယ့်ချစ်သူကလေ နားမလည်
အမေ့ရဲ့ ဒုက္ခအိုးလေး အသည်းကွဲ
အို
အမေ့ရဲ့ ဒုက္ခအိုးလေး
အသည်းကွဲ
Credits
Writer(s): Htoo Eain Thin
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.