Testo A Maye Aye Yate - Htoo Eain Thin
Testo della canzone A Maye Aye Yate (Htoo Eain Thin), tratta dall'album A Kywin Mae Myittar Taw Thi Chin Thot A May
လူကြုံရင် တမှာထဲမှာ
လူလာတိုင်း တမေးမေးနဲ့
အဝေးရောက်နေတဲ့
သားတစ်ယောက်အတွက်
ရတက်ငယ် မအေးတဲ့
မွေးမေမေရယ်
လွမ်းအားနဲ့ ပူပင်ကာ
တဖွဖွပြောရင်း
ကျွဲပါးစောင်းတီး စကားလိုပဲ
အသိခက်တဲ့သား
ဇွတ်တရွတ်နိုင်အား
မိဘစကား ပယ်ရှားလို့
ဒုက္ခရောက်တာ ကိုယ်တွေ့ပဲမို့
သားမိုက် သိနားလည်ခဲ့ပြီ
သီတာရေကြည် တပေါက်ကျ
မိဘတိုင်း စိတ်အေးချမ်းမြ ထွေးပိုက်ချင်မယ့်
သားအလှရဲ့ နဖူးပြင်လေး
မွှေးကြူကာရယ်
ခေါင်းစိုက်မှေးမှီရင်း
ကဗျာချို တအေးအေး ညည်းကာ
ကျောသပ်လို့ ချော့သိပ်ပုံများ
အဝေးရောက်တဲ့သား
မေ့ရက်နိုင်အား
သောကစိတ် ခြေမွလို့
ဝမ်းနည်းဆွေးပူနေတောင်မှပဲ
တောင်းဆုမပျက်တဲ့ အမေ့မေတ္တာ
ဘယ်ဆီဘယ်ဝယ် ရောက်ရောက်
အချိန်တန်လို့ အပြန်လမ်းခရီးက
အမေ့ရဲ့ရင်ခွင် တစ်ပါးမှလွဲရင်
တခြား နားခိုစရာမမြင်
တောင်းဆိုးပလုံးဆိုးသာ စွန့်ပစ်ရိုးထုံးစံ
သားဆိုးသမီးဆိုး မစွန့်နိုင်ခဲ့
ကျေးဇူးမြင့်မား
မြင့်မိုရ်တောင်မက
အမေ့ရဲ့မျက်ရည် စို့စို့
ခန်းခြောက်ဖို့မျှော်ရည်ကာ အဝေးမှ
အမေ့အေးရိပ် သားပြန်ခဲ့ပြီ
သီတာရေကြည် တပေါက်ကျ
မိဘတိုင်း စိတ်အေးချမ်းမြ ထွေးပိုက်ချင်မယ့်
သားအလှရဲ့ နဖူးပြင်လေး
မွှေးကြူကာရယ်
ခေါင်းစိုက်မှေးမှီရင်း
ကဗျာချို တအေးအေး ညည်းကာ
ကျောသပ်လို့ ချော့သိပ်ပုံများ
အဝေးရောက်တဲ့သား
မေ့ရက်နိုင်အား
အမေ့ရဲ့မျက်ရည် စို့စို့
ခန်းခြောက်ဖို့ မျှော်ရည်ကာအဝေးက
အမေ့အေးရိပ် သားပြန်ခဲ့ပြီ
အမေ့အေးရိပ် သားပြန်ခဲ့ပြီ
မလွမ်းနဲ့တော့ သားပြန်ခဲ့ပြီ
Credits
Writer(s): Htoo Eain Thin
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.