Testo Tu Hnine Mae Yadanar - Htoo Eain Thin
Testo della canzone Tu Hnine Mae Yadanar (Htoo Eain Thin), tratta dall'album Chit Chin Arr Phyit
မနက်ခင်းပွင့်တဲ့ ပန်းလေးထက်ကို ပိုမွှေးတာ
ချစ်သမီးလေးရဲ့ ပါးနုနုကလေးတွေမှာ
ငှက်ကလေးများရဲ့တေးချင်းထက် ပိုချိုမြတာ
ချစ်သမီးလေးရဲ့စကားလေးများ ကြားစဉ်အခါ
ကမ္ဘာကြီးထဲ ဘယ်သူ ဘယ်အရာမှနှိုင်းမရ
ရင်ထဲက ရတနာတစ်ပါး
အို အနက်ရှိုင်းဆုံး ချစ်မေတ္တာတရား
သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ
ရင်မှာ စိမ့်စမ်းရေအလား စီးဆင်းနေ ဒီမေတ္တာ
ထာဝရ သမီးလေးအတွက်ပါ
အလှဆုံးအပြုံးလေးများ နူးညံ့တဲ့နှုတ်ခမ်းပေါ်မှာ
ချစ်သမီးလေး အမြဲတမ်းသိမ်းပိုက်ခွင့်ရစေသား
ဘာမဆို ရင်ဆိုင်ကာတိုက်ခိုက်ဖို့ အသင့်အနေအထား
ပျော်ရွှင်ပါစေ တစ်သက်လုံး သမီးလေးရဲ့ကမ္ဘာ
အို သမီးအတွက် အရာရာခံယူရဲခဲ့ပြီ
ကိုယ့်နှလုံးသား ရတနာတစ်ပါး
အို အနက်ရှိုင်းဆုံး ချစ်မေတ္တာတရား
သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ
ကြည်လင် စိမ့်စမ်းရေအလား စီးဆင်းနေ ဒီမေတ္တာ
ထာဝရ သမီးလေးအတွက်ပါ
မနက်ခင်းပွင့်တဲ့ ပန်းလေးထက်ကို ပိုမွှေးတာ
ချစ်သမီးလေးရဲ့ ပါးနုနုကလေးတွေမှာ
ငှက်ကလေးများရဲ့တေးချင်းထက် ပိုချိုမြတာ
ချစ်သမီးလေးရဲ့စကားလေးများ ကြားစဉ်အခါ
အို သမီးအတွက် အရာရာ ရင်ဆိုင်ရဲခဲ့ပြီ
ကိုယ့်နှလုံးသား ရတနာတစ်ပါး
အို အနက်ရှိုင်းဆုံး ချစ်မေတ္တာတရား
သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ
ကြည်လင် စိမ့်စမ်းရေအလား စီးဆင်းနေ ဒီမေတ္တာ
ထာဝရ သမီးလေးအတွက်ပါ
အနက်ရှိုင်းဆုံး ချစ်မေတ္တာတရား
သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ
ရင်မှာ စိမ့်စမ်းရေအလား စီးဆင်းနေ ဒီမေတ္တာ
ထာဝရ သမီးလေးအတွက်ပါ
ထာဝရ သမီးလေးအတွက်ပါ
ထာဝရ သမီးအတွက် အဖေ့မေတ္တာ
Credits
Writer(s): Myint Moe Aung
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.