Testo Toh Nhit Youk Yae Eain - Htoo Eain Thin
Testo della canzone Toh Nhit Youk Yae Eain (Htoo Eain Thin), tratta dall'album Chit Chin Arr Phyit
ဘယ်လိုသံသရာရယ် ရေစက်ကြောင့်ကွယ်
တနေကုန်တွေ့နေရတောင် လွမ်းတုန်းပဲ
ဒီလိုအိမ်ပြန်ချိန်ဆို တို့မခွဲနိုင်လို့
အခိုင်အမာဆုံးဖြတ်ရင်းလေ စွန့်စားခဲ့
အတူနေမယ့်အိမ်လေးကို တည်ဆောက်ခဲ့တယ်
ဘယ်တော့မှ မဝေးနိုင်တော့ဘူးကွယ်
ဒီအိမ်လေးမှာ မခွဲမခွာထာဝရချစ်နေချင်တယ်
မျှော်လင့်ထားသလို ဖြစ်မလာပါလားကွယ်
ချိုမြိန်ခဲ့တဲ့ အချစ်အိမ်လေး
ကြင်နာသူ တံခါးပိတ်မီးမှိတ် သော့ခတ်သွား
အပြာရောင်ခန်းဆီးများနဲ့ အချစ်အိမ်လေး
ဘယ်သူတွေ မညှာတာစွာရယ် ချိုးဖြတ်သွား
ရက်စက်သွား
မင်းထားခဲ့သလား
သစ်စိမ်းချိုး ချိုးပြီလား
ဒီဧည့်ခန်းက နံရံလေးထက်ဝယ်
အနီရောင် နှုတ်ခမ်းနီလေးနဲ့ရေးထားခဲ့
"မောင်ရယ် မြန်မြန်လာကယ်ပါ" မှာတမ်းလေးချန်ခဲ့
တွေဝေငေးကာ အထီးကျန်အိမ်လေးထဲ
ကိုယ်ရှာတွေ့ပြီ
သတင်းစာနောက်ကျော အတွင်းဝယ်
လက်ထပ်သွားတာ သူလေးတဲ့
ရင်နာစွာ နေ့တွေညတွေ
ကမ္ဘာပျက် တစ်ခုလိုပြိုကွဲ
ဒီအိမ်လေးမှာ ကျွန်တော့်ကိုပစ်ထားတယ်
ကိုယ်တို့နှစ်ဦးရဲ့ အချစ်အိမ်လေး
ပျော်စရာတွေ သုံးလေးရက်နဲ့ အသက်မဲ့သွား
နံရံထက်က သူ့လက်ရေး
တချိန်မှာပြန်လာမယ်လေ ညွှန်းခဲ့သလား
ရေးခဲ့သလား
မင်းထားခဲ့သလား
အတူနေမယ့်အိမ်လေးကို တည်ဆောက်ခဲ့တယ်
ဘယ်တော့မှ မဝေးနိုင်တော့ဘူးကွယ်
ရင်နာစွာ နေ့တွေညတွေ
ကမ္ဘာပျက်တစ်ခုလို ပြိုကွဲ
ဒီအိမ်လေးမှာ ကျွန်တော့်ကိုပစ်ထားတယ်
ချိုမြိန်ခဲ့တဲ့ အချစ်အိမ်လေး
ကြင်နာသူ တံခါးပိတ်မီးမှိတ် သော့ခတ်သွား
အပြာရောင်ခန်းဆီးများနဲ့ အချစ်အိမ်လေး
ဘယ်သူတွေ မညှာတာစွာရယ် ချိုးဖြတ်သွား
ရက်စက်သွား
မင်းထားခဲ့သလား
ကိုယ်တို့နှစ်ဦးရဲ့ အချစ်အိမ်လေး
ပျော်စရာတွေ သုံးလေးရက်နဲ့ အသက်မဲ့သွား
နံရံထက်က သူ့လက်ရေး
တချိန်မှာပြန်လာမယ်လေ ပြောခဲ့သလား
ရေးခဲ့သလား
မင်းပေးတဲ့ဘဝ
သစ်စိမ်းချိုး ချိုးပြီလား
Credits
Writer(s): Htoo Eain Thin
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.