Testo Ta Kal Loh Myar - Htoo Eain Thin
Testo della canzone Ta Kal Loh Myar (Htoo Eain Thin), tratta dall'album Sakar Lone Ma Shi Tae Kaung Kin
တကယ်လို့များ
မင်းအပြုံးလေးများ မရှိရင်
ဘယ်ပွင့်မလဲ ပန်းလေးတွေ
အလှကင်းမဲ့ လောကအလယ်
ကိုယ်ဘယ်လို နေရမလဲ
တကယ်လိုများ
အိမ်မက်လေးများထဲမှာ
ဆုံစည်းခွင့် မရှိခဲ့ရင်
ကိုယ်အိပ်စက်မယ့် ညတွေ
အို ဘယ်လိုကုန်ဆုံးမလဲ
တကယ်ဆို တို့နှစ်ဦး
ဝေးလို့တော့ မဖြစ်နိုင်ဘူး
ကိုယ်ရဲ့ အနားမှာ
မင်းအမြဲ ရှိနေ
တကယ်လိုများ
ကိုယ့်အတွေးလေးများထဲမှာ
အချစ်ဆုံး မင်းမရှိခဲ့ရင်
ဆိုညည်းမယ့် သီချင်းလေးတွေ
ဘယ်လို ချိုနိုင်ဦးမလဲ
တကယ်လိုများ
ရက်စက်တဲ့လောကအလယ်
ကြွေကျမယ့် သစ်ရွက်လို
ကိုယ် တမ်းတမိခဲ့ချိန်
ဘယ်ရင်ခွင် ခိုနားမလဲ
တကယ်ဆို တို့နှစ်ဦး
ဝေးလို့တော့ မဖြစ်နိုင်ဘူး
မင်းမရှိတဲ့ ကမ္ဘာ
စွန့်ခွာ မယ်လေ
ဟိုအဝေး
Credits
Writer(s): Myint Moe Aung
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.