Testo Min A Tuat Min - IDIOTS
Testo della canzone Min A Tuat Min (IDIOTS), tratta dall'album Lu Ah Gitar
မနက်ဖြန်တိုင်းမှာ အဓိပ္ပါယ်ရှိပါတယ်။ စိတ်ကူးနဲ့ ကြိုပွေ့ဖက်။ အဆိုးတွေကျန်ခဲ့ဖို့ အတိတ်တွေစောင့်နေသေးတယ်။
မင်းကြေကွဲရင် မျက်ရည်က သယ်ဆောင်လို့သွားမယ့်အပူမီးတွေ။ အရှုံးတွေဟာ အခွင့်အရေးအတွက် အားတွေဖြစ်လာလိမ့်မယ်။
မင်းအတွက်မင်းရှိတယ်။ ဘယ်သူမှလှည့်မကြည့်လဲ။ ဆုံးဖြတ်ခွင့်ရှိတယ် ဘယ်သူမှ မတားမြစ်လဲ။
မင်းအတွက်မင်းရှိတယ်။ ဘယ်သူက မင်းထက်ပိုကောင်းမလဲ။ လဲကျတော့ကိုယ်တိုင်ရုံးထရမှာ မင်းပဲ။
မင်းအတွက် မင်းရှိရဲက် ဘယ်အရာကို အားကိုးနေဦးမလဲ။ အမှန်ဆိုတာအတွက် မင်းခန္တာစတေးပြီး ရှေ့ဆက်။ ကိုယ်တိုင်ထွန်းညှိဖို့ အလင်းတစ်စက်။
သစ္စာတရားကို တပ်မက်ခြင်းတွေအတွက် လောင်မြိုက်ဖို့ အသက်မသွင်းနဲ့ ဘဝဟာအိပ်မက်ပေါ့ မင်းဘာမှ မပိုင်ဘူးပဲ။ ကောင်းကင်ကတပွင့်သော ကြယ်လေးကြွေရုံနဲ့ ညက အရောင်မဖျော့ပါ။ ရှိနေယုံသက်သက် မင်းဘာမှ မဟုတ်ဘူးပဲ။ မင်းရဲ့အတ္တဟာ တကယ်ဆို မင်းအတွက် အဆိပ်ပါ။
Credits
Writer(s): Khual Pi
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.