Testo A Lwan Thint Pagyi - REASON
Testo della canzone A Lwan Thint Pagyi (REASON), tratta dall'album Rock House
အတူတူလျှောက်ခဲ့ဖူးတဲ့ လမ်းတွေ
အတူတူထားရှိခဲ့တဲ့ ကတိများ
တစ်ချိန်ကချစ်ခဲ့ဖူးတဲ့ တို့ရဲ့အချစ်ဟာ
လေထဲမှာပျောက်သွား
အပြုံးလေးတစ်ခုကအစ
ရင်ခုန်ချစ်ခဲ့မိတာ ငါ့အမှား
ထိုင်ကာငေးနေရင်း ဟိုဝိုးတဝါး အဝေးမှာ
အချစ်သစ် တွေ့နေမလား?
တစ်နေ့တော့ မင်းပြန်လာဦးမလား?
ဟိုးတုန်းကလို ချစ်ဦးမလား?
ဘာ့ကြောင့် ငါ့ကိုမုန်းသွားခဲ့လည်း ဖြေ
ဒါ အိပ်မက်တွေ
ငါ့ဘေးနား ရှိနေနိုင်ဦးမလား?
ပြောခဲ့သမျှတွေ ယုံစားကာ
ငါ့ရဲ့စိတ်တွေက မပြတ်သားနိုင်ခဲ့တာ
မင်း နားလည်ပေးပါ
ပုံပြင်လေးတစ်ပုဒ် ပြီးဆုံးသွားပြီ
ကျန်နေခဲ့ပြီ မျက်ရည်များ
ရင်မှာရစ်နှောင်ထားတဲ့ ကြိုးကလေးကသာ ပြတ်သွားပြီ
ငါ မုန်းလို့မရခဲ့ပါ
အချစ်များသာ ကိုးကွယ်လို့ထား
ငါဟာ မင်းတစ်ယောက်ထဲသာ ချစ်ခဲ့တဲ့အခါ
အရှုံးကြီး ရှုံးပြီလား?
တစ်ကယ်ပါ တစ်နေ့တော့ မင်းပြန်လာဦးမလား?
ဟိုးတုန်းကလို ချစ်ဦးမလား?
ဘာ့ကြောင့် ငါ့ကိုမုန်းသွားခဲ့လည်း ဖြေ
ဒါ အိပ်မက်တွေ
ငါ့ဘေးနား ရှိနေနိုင်ဦးမလား?
ပြောခဲ့သမျှတွေ ယုံစားကာ
ငါ့ရဲ့စိတ်တွေက မပြတ်သားနိုင်ခဲ့တာ
မင်း ခွင့်လွှတ်ပေးပါ
မေ့မရတဲ့အချိန်တွေ အဆုံးထိ
မျက်စိမှိတ် မျှော်လင့်ခဲ့သည်
ဘာမှမသိတဲ့ တစ်နေ့နေ့ကို ငါစောင့်စားလို့
နှလုံးသား ကွဲကြေနေတဲ့အထိ
အလွမ်းသင့်ခဲ့တဲ့ အတိတ်ရဲ့ပန်းချီ
လမ်းစမရှိတဲ့ငါ့အဖြစ်ကို မြင်လှည့်
ဆက်ချစ်မယ်
တစ်နေ့တော့ မင်းပြန်လာဦးမလား?
ဟိုးတုန်းကလို ချစ်ဦးမလား?
ဘာ့ကြောင့် ငါ့ကိုမုန်းသွားခဲ့လည်း ဖြေ
ဒါ အိပ်မက်တွေ
ငါ့ဘေးနား ရှိနေနိုင်ဦးမလား?
ပြောခဲ့သမျှတွေ ယုံစားကာ
ငါ့ရဲ့စိတ်တွေက မပြတ်သားနိုင်ခဲ့တာ
မင်း ခွင့်လွှတ်ပေးပါ
Credits
Writer(s): Khual Pi
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.