Testo A Khar Lon Tae Moe - Htoo Eain Thin
Testo della canzone A Khar Lon Tae Moe (Htoo Eain Thin), tratta dall'album Ahtta Pone Saung Khae Myar
အတူနေခဲ့စဉ်
အရင်းနှီးဆုံး အချိန်များမှာ
နှလုံးသားချင်း နားလည်ပါသော်လည်း
အချစ်မှာ
မပွင့်လင်းခဲ့ ဘာ့ကြောင့်များ
တိတ်တခိုးလေး စိတ်လှုပ်ရှား
ရင်ထဲက စကားများ
ကြိတ်မှိတ် မျိုသိပ်ထား
သြော် လွန်ခဲ့ပြီ
ဝေးသွားမှ ပြန်တွေ့ကာ
နှမြောတသ လွမ်းနေပါသော်လည်း
မတတ်သာ
ယောက်ျားတို့ရဲ့မာန
သူမိန်းကလေးတို့ သဘာဝ
ရင်ထဲက ပန်းတစ်ပွင့်
သော့ခတ် လုံခြုံသွား
အခုတော့ ဝေးခဲ့ပြီလေ
အခုတော့ ဝေးခဲ့ပြီ မေ
အခုတော့ ဝေးကြပြီ
တို့နှစ်ဦးသား (ဟာ)
နှုတ်ဆက်မျက်ရည်လေးများ
အားလုံးမသိအောင် သိမ်းထား
အခါလွန်တဲ့မိုး မို့ အငြှိုးနဲ့ရွာ
အကြင်နာစကားတွေ
အမြဲတမ်းပဲ အိပ်မက်မှာ
တစ်ရေးနိုးတဲ့ ညတွေဆို
ပြန်အိပ် မရပါ
သူရောပဲ ကိုယ့်လိုများ
ယောင်ယမ်း တမ်းတနေမလား
ကိုယ် တွေးရင်းတွေးရင်း
ဝမ်းနည်း နေသလိုပါ
အိုး အခုတော့ ဝေးခဲ့ပြီလေ
အခုတော့ ဝေးခဲ့ပြီ မေ
အခုတော့ ဝေးကြပြီ
တို့နှစ်ဦးသား (ဟာ)
နှုတ်ဆက်မျက်ရည်လေးများ
အားလုံးမသိအောင် သိမ်းထား
အခါလွန်တဲ့မိုး မို့ အငြှိုးနဲ့ရွာ
အကြင်နာစကားတွေ
အမြဲတမ်းပဲ အိပ်မက်မှာ
တစ်ရေးနိုးတဲ့ ညတွေဆို
ပြန်အိပ် မရပါ
သူရောပဲ ကိုယ့်လိုများ
(ယောင်ယမ်းပြီးတော့များ တမ်းတနေမလား)
ကိုယ် တွေးရင်းတွေးရင်း
ဝမ်းနည်း နေသလိုပါ
ကိုယ် တွေးရင်းတွေးရင်း
ဝမ်းနည်း နေသလိုပါ
ကိုယ် တွေးရင်းတွေးရင်း
ဝမ်းနည်း နေသလိုပါ
Credits
Writer(s): Htoo Eain Thin
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.